ပျားရည် စစ်/ မစစ်ကို လွယ်ကူစွာစမ်းသပ်နိုင်သည့် နည်းလမ်း (၁၀) မျိုးပျား ရည် ထဲ ဘာပစ္စည်း ဘယ်ရာခိုင်နှုံး ပါတယ် သိဖို့အထိ ကျတော့ ကျွမ်းကျင် ပညာရှင်မှ ရတယ်။
ဒါ ပေ မဲ့ ပျားရည်ဟာ သဘာ၀ ဟုတ် မဟုတ်၊ အရော ကင်း၏ မကင်း၏ သိဖို့… စမ်းတာကျတော့ လူတိုင်း လုပ် ကြည့်နိုင် တာပဲ။၁။ ထုတ် လုပ် သူတွေရဲ့ အညွှန်းစာ မှာ တခြားအပိုတွေ စပ်ထား မထား ပါပါလိမ့်မယ်။ ဖတ်ပြီးရွေး ဝယ်ပါ။
၂။ သဘာ၀ ပျားရည်က မ စေး ကပ်ဘူး… ပျားရည် နည်းနည်း ကိုယူ… လက်မနဲ့ လက်ညိုးကြား ထားပြီး ပွတ် ကြည့်သဘာ၀ ပျားရည်က အသားထဲ အသာ စိမ့်ဝင်။ သကြားနဲ့ အ ချို ရောထားရင် စေးကပ်ပြီး ပွတ်ရတာ မချောမွေ့ဘူး။
၃။ အ ပူ ပေးကြည့်လို့ ညိုညိုလေးနဲ့ အိုးကပ်သွားရင် အစစ်။ အမြုပ် တစီစီနဲ့ ပလုံထိုး တက်လာရင် အတု။၄။ စက္ကူပေါ် ချကြည့်… လို့ စက္ကူ ရိပြီး စိုရင်၊ ပေါက်ရင်… ရေတွေ ပါနေတယ်။
၅။ ပျား ရည် ထဲမှာ ပျားရဲ့ ဂလင်းတွေက ထွက်တဲ့ သဘာ၀ ပိုးသတ်တဲ့ ဓာတ်တွေ ပါလို့… ပုရွက်ဆိတ် မတက် ဘူး။၆။ လျှာပေါ် တင်ပြီး ပွတ်ကြည့် ပျားရည်က စပ်ယားယား ပအာတာ ခံစား ရတယ်။ အတုက ချိုပြီးကောင်းနေရော…။
၇။ ရေထဲ ထည့်လိုက်ရင်… ပျားရည်က အလုံးလေး အတိုင်း ကျ သွားမယ်။ တခြားဟာက ပျော်ပြီး ပြန့်သွားမယ်။၈။ ပေါင်မုန့်ပေါ် တင်ကြည့်ရင်… ပေါင်မုန့်ဟာ ခြောက်ခြောက်ကလေးပဲ နေ ရ မယ်။ စိုထိုင်းထိုင်းဖြစ် သွား ရင် ဒါဟာ ရေနဲ့ အရော ပါနေပြီ။
၉။ ကြက်ဥအကာ ထဲ ထည့်လို့… ကြက်ဥအကာ ကျက်သွားရင် အစစ်၁၀။ ကြာ ရင် ပျားရည်က ပုံဆောင်ခဲ ဖြစ်လာတယ်။ အတု က ဘာ မှ ပုံ မ ပျက် ဘူး။မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။
