Most Recent

စီးပွားဖြစ်ရောင်းချနိုင်ပြီး လွယ်လွယ်ကူကူ ပြုလုပ်နိုင်သော မြေပဲယို ၊ နှမ်းယို ပြုလုပ်နည်း


 လွယ်လွယ်ကူကူ Home made မြေပဲယိုနှင့်နှမ်းယိုလုပ်နည်း


မြေပဲယိုနှင့်နှမ်းယိုများကို မိမိတို့အိမ်မှာ လုပ်စားကြည့်မယ်နော်။အရမ်းလွယ်ကူရိုးရှင်းတဲ့အတွက်လုပ်စားလို့လည်းအဆင်ပြေမယ်ထင်ပါတယ်ရှင့်


ပါဝင်ပစ္စည်းများ


မြေပဲဆံ နို့ဆီဗူး၁ခွက်(သို့)နှမ်းနို့ဆီဗူး၁ခွက်


ထန်းညက်၇လုံး၊ကြံသကာ၃ချောင်း(အချိုကြိုက်ပါက ပိုထည့်နိုင်ပါတယ်)


ရေဆန်ချိန်ခွက်၁ခွက်


ဆားလက်ဖက်စားဇွန်း၁/၄ ပုံ




ပြုလုပ်နည်း


မြေပဲဆံ(သို့)နှမ်းကို‌လှော်ထားပါ။မြေပဲဆံဆိုအခွံချွတ်ထားပေးပါ။အိုးထဲရေထည့်ပြီးထန်းညက်ကိုညောင်စေးကြအောင်ကြိုပါ။


ထန်းညက်ရည်စေးလာရင်မြေပဲဆံ(သို့)နှမ်းထည့်ပါ။ဗန်းတစ်ချပ်ကိုပဲဆီသုတ်ပြီးမြေပဲ(သို့)နှမ်းကြိုထာတာလောင်းထည့်ပါ။မြေပဲအပေါ်မှ နှမ်းလေးဖြူးပေးလည်းရပါတယ်။


ခဏအအေးခံ ဓားရာပေးပြီးဆက်ပြီးအအေးခံပေးပါမယ်။အေးခဲသွားပြီဆိုဆိုရင်မြေပဲယိုးလေးစားရန်အသင့်ဖြစ်ပါပြီ။