Most Recent

ဆံပင်အရှည်မြန်ချင်သူများအတွက် ၂လအတွင်း ဆံပင်၅လက်မ ရှည်စေသောနည်းလမ်း


 ၂လအတွင်းဆံပင်၅လက်မရှည်စေသောနည်းလမ်းသင်က၂လအတွင်းဆံပင်ကိုန ဂိုထက်ပိုမြန်ချင်တယ်ဆိုရင်တော့ဒီအကြောင်းအရာကသင့်အတွက်ပါပဲဆံပင်ကအရှည်မြန်ဖို့အချိန်ယူရပါတယ် လုံလောက်တဲ့အာဟာရစားသောက်မှုပုံစံနဲ့ ဆံပင်ကိုဂရုစိုက်ပေးမှဆံပင်အရှည်မြန်မှာပါနော်


သင်ကဆံသားဂရုစိုက်မှုနဲ့ဆံပင်ပိုရှည်ချင်တယ်ဆိုရင်တော့ဒီနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။ဒီနည်းလမ်းအတွက်ပါဝင်ပစ္စည်း(၂)မျိုးပဲလိုအပ်ပါတယ်လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်ဆေးရည်နှင့်လိမ္မော်သီးအခွံပါပြုလုပ်ပုံကတော့ဆန်ကိုအညစ်ကြေးတွေပါသွားအောင်ရေဆေးပေးရပါမယ်။နှစ်ခါဝန်းကျင်လောက်ဆေးပြီးနောက်လိုအပ်တဲ့ပမာဏတစ်ခွက်စာကိုစစ်ထုတ်ပေးရပါမယ်။


ဆန်ဆေးရည်ကိုအကြည်ပုံစံရသွားတဲ့အထိပိုမဆေးသင့်ပါဘူး။အဖြူရောင်ဆန်ရည်ထွက်သင့်ပါတယ်။ပြီးနောက်မှာတော့လိမ္မော်သီးတစ်လုံးအခွံကိုဆန်ဆေးရည်ထဲထည့်ပေးရပါမယ်ဒီနှစ်မျိုးကိုအလုံပိတ်ခွက်ထဲထည့်ပေးရပါမယ် ၁၂နာရီကြာအချဉ်ဖောက်ပေးရပါမယ်ပြီးနောက်မှာတော့အသုံးမပြုခင်အချိန်တိုင်းရေခဲသေတ္တာထဲထည့်ထားရပါမယ်


ကိုယ်သုံးမယ့်အချိန်မှအပြင်ထုတ်သုံးပေးသင့်ပါတယ်။သုံးတဲ့အချိန်ဦးရေပြားနဲ့ဆံသားပေါ်လိမ်းပေးရပါမယ်နော်ပြီးနောက်နာရီဝက်ခန့်ထားပြီးခေါင်းလျှော်နိုင်ပါပြီဒီနည်းလမ်းကိုပုံမှန်လုပ်ပေးရင်ဆံပင်အရှည်မြန်လာပါလိမ့်မယ်