၂၀၂၂၊ စက်တင်ဘာ ၂၀ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်း၊ ကုလားသိမ်ကျေးရွာတွင် တစ်ဦးတည်း လမ်း ဖောက်လုပ်နေသော အသက် ၇၇ နှစ်အရွယ်
အမျိုးသားတစ်ဦးကို ရခိုင်ပြည်နယ်နေ ပြည်သူများက ဝိုင်းဝန်းချီးကျူး ဂုဏ်ပြုနေကြကြောင်းသိရသည်။အဆိုပါလမ်းဖောက်လုပ်သူအဘိုးအိုမှာ ရခိုင်ပြည်နယ်
၊ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်း ကုလားသိမ် ကျေးရွာနေ ဦးမောင်သာနီ ဆိုသူဖြစ်ပြီး ၁၆ ပေါင်လေးသည့် တူတစ်လက်ဖြင့် ကျောက်တုံးကျောက်ခဲများကို ဖဲ့ကာ
လမ်း ဖောက်လုပ်နေခြင်းဖြစ် ကြောင်းဖော်ပြထားသည်။“၁၆ ပေါင်လေးတဲ့ တူတစ်လက်နဲ့ တစ်ယောက်တည်း ကျောက်တုံးကျောက် ကြီး တွေကို ဖဲ့ပြီး လမ်းကိုဖောက်
ထားတာ လမ်းတော်တော်ပြီးနေပြီ။ အသက် ၇၇ နှစ်အရွယ်အဖိုးက တစ်ဦးတည်းဖောက်နေတာ။ ဂုဏ်ယူလေးစား စရာကောင်းတယ်။ လူငယ်တွေအတွက် အတုယူစရာပဲ။
ကိုယ်ကျိုးမဖက်တဲ့ အပြု အမူဖြစ်တယ် ”ဟု ဒေသခံများက လူမှုကွန်ရက်စာမျက်နှာတွင်ဆိုထားသည်။အဆိုပါ အဘိုအိုလမ်းဖောက်လုပ်သည့် အကြောင်းကို
ဒေသခံပြည်သူတစ်ဦးက မှတ်တမ်းတင်ရိုက် ကူးတင်ပြရာမှ ယခုရက်ပိုင်းတွင် လူမှုကွန် ရက်၌ ပျံ့နှံ့ခဲ့နေခြင်းဖြစ် ကြောင်းသိရသည်။Crd Myanmar Informer
