ပရိသတ်ကြီးရေ တစ်ချိန်ကအနုပညာလောကမှာ နာမည်ကြီးကျော်ကြားခဲ့တဲ့ မင်းသမီးတစ်လက်ရှိခဲ့ပါတယ်။ အလွမ်း၊အဆွေး၊အက်ရှင်နဲ့ ကာရိုက်တာမျိုးစုံကို သရုပ်ဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ပရိသတ်တွေ ချစ်ခင်အားပေးခဲ့ရသူလေးဖြစ်ပါတယ်။ သူမကတော့ မင်းသမီး နဝရတ် ဖြစ်ပြီး လက်ဦးဆရာကတော့ ဦးကျော်ဟိန်းဖြစ်ပြီး အနုပညာလောကမှာတော့ ကျော်ဟိန်းတင်တဲ့မင်းသမီးဆိုပြီး နာမည်စကြီးခဲ့တာလဲ ဖြစ်ပါတယ်။
ဒါအပြင် သူမမင်းသမီးစဖြစ်ကတည်းက ဝတ်ဆင်လာခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာ ပရိသတ်တွေကြား အလွန်နာမည်ကြီးခဲ့ပါသေးတယ်။ သရုပ်ဆောင် နဝရတ် ဟာ လက်ရှိမှာအသက် ၄၅ နှစ်အရွယ်ရှိပြီပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ပြည့်ဖူးခိုင် နဲ့ မုဏ်း တို့နဲ့လဲ ညီအစ်မဝမ်းကွဲတွေ တော်စပ်ကြပါသေးတယ်။
သရုပ်ဆောင် နဝရတ်ကတော့ ယခုအချိန်ကာလမှာ ဆိုရင် အနုပညာအလုပ်များကို ရပ်နားထားပြီး သာယာတဲ့ မိသားစုဘဝလေးကို အေးအေးချမ်းချမ်း ဖြတ်သန်းနေပါတယ်နော်။ အခုချိန်ထိလဲ သူမကိုချစ်တဲ့ပရိသတ်တွေကတော့ ရှိနေသေးပြီး မင်းသမီး နဝရတ် ကို ရုပ်ရှင်တွေ ပြန်လည်ရိုက်ကူးစေလိုပေမယ့်လဲ သူမကတော့ အနုပညာလောကကို ပြန်လည်ဝင်ရောက်ဖို့မရှိပါဘူး။
အခုတစ်ခါမှာဆိုရင်မင်းသမီးကြီးန၀ရတ်ရဲ့ မိသားစုနဲ့အတူတူဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ သူမရဲ့ပုံရိပ်တွေကိုအခုလိုစာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
