Most Recent

လပြည့်ည နဲ့ ကရဝေးရွက် ပက်ပက်စက်စက် စီးပွားတက်


 စတင်လုပ်ဆောင်ရင်ဖယောင်းတိုင်အဖြူတစ်တိုင်ထွန်းထားပါ။ကရဝေးရွက်တစ်ရွက်ကိုရေမွှေးဖြန်းပါ။ ကရဝေးအစိုအခြောက် ဘယ်ဟာဖြစ်ဖြစ်ရပါတယ်။


အနာအဆာ အပေါက် အကျိုး မဖြစ်စေရပါ။ အဲဒီကရဝေးရွက်ပေါ်မှာ မတ်ကာပင်အနီနဲ့ မိမိနာမည် မွေးနေ့ရေးပါ။မတ်ကာပင် Marker Pen အနီပဲရပါမယ်။ ဆော့ပင် ဘောပင်အနီမရပါ။


ကရဝေးရွက် ရဲ့အခြားတစ်ဖက်မှာ မိမိလိုအပ်တါလိုတိုရှင်းရေးပါ။ဥပမါ ငွေများစွာဝင်ပါစေ စသည် ။ အင်္ဂလိပ်လိုရေးလည်းရပါတယ်။ ဒါမှမဟုတ် အကြွေးသိန်းတစ်ရာပြန်ရပါစေ စသည်ရေးနိုင်ပါတယ်။


ဈေးရောင်းကောင်းပါစေ လည်းရေးနိုင်ပါတယ်။စီးပွားရေး ငွေကြေးနဲပတ်သက်ပြီး မိမိ လိုအပ်နေတဲ့ဆီလျော်သင့်မြတ်ရာရေးနိုင်ပါတယ် ။


ပြီးရင် ငွေစက္ကူ ၅၀၀၀တန် ၁၀၀၀၀ တန် ၁၀၀၀ တန်၅၀၀ တန် စသည်ရရာတစ်ရွက်ရွက် နဲ့ပတ်လိုက်ပါ။ငွေစက္ကူကြားထဲရောက်ရင်ရပါပြီ။ပြီးရင် အဲဒါကို လက်နဲ့ကိုင်ထားပြီး


ဒိဝါတပတိဂါထာသက်စေ့ ပူဇော်ပါ။ပြီးရင် အဲဒီငွေစက္ကူနဲ့ ကရဝေးရွက် အခေါက်ကိုဖယောင်းတိုင် မီးနဲ့ နည်းနည်းခွာပြီး မီးအပူပေးပါ။လိုရာဆုတောင်းပါ။


ပြီးရင် အဲဒီအခေါက်အတိုင်းခေါင်းအုံးအောက်ထားအိပ်ပါ။စက္ကူအိတ်နဲ့ ထည့်နိုင်ပါတယ်။ခေါင်းအုံးက မိမိအမြဲအိပ်နေတဲ့ခေါင်းအုံးဖြစ်ရပါမယ်။နောက်နေ့တွေလည်း ညတိုင်းအဲဒီငွေစက္ကူ


ခေါက်ကိုယူပြီးဒိဝါတပတိ သက်စေ့ပူဇော်လက်ထဲကိုင်ထားပါ။ဆုတောင်းပါခေါင်းအုံးအောက်ပြန်ထားပါ။စုစုပေါင်း ၇ ရက်ပြည့်ရင်ကရဝေးရွက်ကိုယူပြီးမီးရှို့ ပြာချပါ။ ပြာကိုမိမိအိမ်


ရှေ့ အဝင်တံခါးဝမှာကြဲပါ။ ငွေစက္ကူကိုမိမိပိုက်ဆံအိတ်ထဲထားလိုက်ပါ။ဖော်ပြမထားရင်အဲဒီအချက်တွေကမလိုအပ်လို့ပါ။ မိမိအဆင်ပြေသလိုပြုလုပ်ပါ။ရေးပြထားတာကတော့အတိအကျလုပ်ပါ။လွယ်ကူပါတယ်။ ထိရောက်ပါတယ်။ဆရာ ကောင်းသုခ