ယခုတစ်ပါတ်မှာ ပိုးသတ်ဆေးဖော်စပ်အသုံးပြုလို့ရတဲ့အပင်တွေအကြောင်းကိုမျှဝေ ပေးလိုက်ရပါတယ်။သဘာဝပိုးသတ်ဆေး ဖော်စပ်လို့ရတဲ့ အပင်တွေကတော့အောက်ပါတို့အတိုင်းပဲဖြစ်ပါတယ်။
ခုဖော်ပြသွား မယ့်နည်းလမ်းတွေကတော့ စိုက်ခင်းကြီးအတွက်အသုံးပြုရန်ခက်ခဲနိုင်သော်လဲ ဟင်းသီးဟင်းရွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများ အတွက် အသုံးဝင်အကျိုးထူးမယ်လို့ မျှော်လင့်ရပါတယ်။
၁။ သြဇာ၂။ ကြက်ဟင်းခါး၃။ ပဲစိမ်းစား၄။ နွယ်သာက၅။ မဲရိုင်း၆။ ကြောင်ပန်းကြီးသြဇာသြဇာပင်မှာ အစေ့နှင့် အရွက်များကိုသဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
သြဇာရွက်တွင် စူးရှပြင်းထန်သော ဓာတ်ဆေးတစ်မျိုးပါဝင်ပြီးသြဇာစေ့တွင် ဆီနှင့် စူးရှပြင်းထန်သော ဓာတ်ဆေးတစ်မျိုးပါဝင်ပါတယ်။
သြဇာရွက်မှ ထုတ်ယူရရှိသော သဘာဝပိုးသတ်ဆေးသည်သြဇာစေ့မှရသော ဆေးထက် ပိုမို၍ ထိရောက်ပါတယ်။သြဇာရွက်နှင့် အစေ့တို့ကို အမှုန့်ပြုလုပ်၍ ရေဖြင့်လည်းကောင်း
မီသနောဖြင့် လည်းကောင်း ရော၍သဘာဝပိုးသတ်ဆေးအဖြစ်အသုံးပြုခြင်းဖြင့် ပျပိုး ဖြုတ်စိမ်းပိုး လှေး သန်းစသည့်စုပ်စားပိုးကောင်များနှင့် အရွက်စားပိုးများ ဖြစ်ကြသော
ပိုးနဂါး ရွက်လိပ်ပိုး ပိုးကျိုင်းကောင်များကို နှိမ်နင်းနိုင်ပါတယ်ကြက်ဟင်းခါးကြက်ဟင်းခါးပင်မှာတော့ အရွက်နှင့် အသီးတို့ကို သဘာ၀ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
အရွက်နှင့် အသီးတို့မှရရှိသော အရည်ဖြင့်လည်းကောင်းမီသနေ ဖြင့် ရောနှော၍ ပိုးသတ်ဆေးစွမ်းအားထုတ်၍ခူမွှေးရှည် ရွက်လိပ်ပိုးနှင့် ရွက်ဖြတ်ကျိုင်းကောင်များကို ကာကွယ်နိုင်ပါတယ်။
ပဲစိမ်းစားပဲစိမ်းစားပင်ရဲ့ အစေ့ကို သဘာဝပိုးသတ်ဆေး အဖြစ်အသုံပြုနိုင်ပါတယ်။ပဲစိမ်းစားဆိုသည်မှာ အတောင့်နှင့်ဥစားမျိုးဖြစ်ပါတယ်။မျိုးယူပြီးကျန် သောပဲစိမ်းစားစေ့များကို အခြောက်လှန်းကာ
အမှုန့်ပြု၍ လည်းကောင်း ရေဖြင့်စိမ်၍လည်းကောင်းပျပိုး ဖြုတ်စိမ်း ပင့်ကူနီ ဟင်းသီးဟင်းရွက်စားပိုးများနှင့်ပဲမျိုးစုံ ရွက်စားပိုးများနှိမ်နင်းရာတွင် အသုံးပြုနိုင်ပါတယ်။
နွယ်သာကီနွယ်သာကီ အရွက်ကို သဘာဝဆေး အဖြစ်အသုံးပြုနိုင်ပါတယ်။နွယ်သာကီ အရွက်တစ်ဆကို ရေနှစ်ဆဖြင့်လည်းကောင်း
နွယ်သာကီအရွက်ခြောက် ကိုအမှုန့်ပြု၍ စိမ်၍လည်းကောင်းရွက်စားပိုး ကျိုင်းကောင် နှင့် ပိုးလောက်လန်းများကို နှိမ်နင်းနိုင်ပါတယ်။
မဲရိုင်းမဲရိုင်းအရွက် အသီးနှင့် အမြစ် စသည်တို့ကို အမှုန့်များပြုလုပ်၍လည်းကောင်းပျော်ဝင်ရေတွင် ရေ မီသနော ပျော်ဝင်စေ၍လည်းကောင်း
အသုံးပြုနိုင်ပြီး ရွက်စားပိုး ခူကောင် ပိုးလောက်ကောင်များ နှင့်ပိုးကျိုင်းကောင်များကို နှိမ်နင်းနိုင်ပါတယ်။
ကြောင်ပန်းကြီးကြောင်ပန်းကြီးကို နေရာအနှံ့အပြားတွင်တွေ့ရပြီးအရွက်ကို သဘာဝပိုးသတ်ဆေးအဖြစ် သုံးနိုင်ပါ သည်။ကြောင်ပန်းရွက်များကို အခြောက်လှန်းပြီးသီးနှံများ
သိုလှောင်သည့်အိပ်များတွင် ထည့်သွင်းအသုံးပြု ခြင်းဖြင့်သီးနှံများသိုလှောင်ရာတွင် ဖျက်စီးတတ်သောပိုးမွှားများ၏ အန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။Credit
