တနင်္ဂနွေဒီအပတ်အတွင်းအဆိုးတွေထဲကနေ အကောင်းတွေကြုံလာရတော့မဲ့ကာလဖြစ်ပါတယ်။ ငွေရှာရလွယ်ပေမဲ့ အကုန်အကျလဲများနေနိုင်ပါတယ်။ မည်သည့်နယ်ပယ်ကသူမဆို ဦးဆောင်ဦးရွက်ပြုရခြင်း၊ခေါင်းဆောင်ရခြင်းများ အထူးကြုံရတတ်ပါတယ်။ လခစားဝန်ထမ်းများမသာမာနည်းနဲ့ငွေရှာခြင်းဖြင့်ဒုက္ခကြုံရတတ်ပါတယ်။ဒီအပတ် အတွင်း ငါးပါးသီလလုံအောင်နေခြင်း၊ သားသတ်လွတ်စားခြင်းဖြင့်ထူးခြားတဲ့အဆင်ပြေကံကောင်းမှုတွေကိုရလာ နိုင်ပါတယ်။
တတ်နိုင်သ၍ ဒီကာလအတွင်းမိဘများ၊အထက်လူကြီးများ၊ ဆရာသမားများကိုဖွင့်ပြောတိုင်ပင်စရာ ကိစ္စများ ပြေဆိုလို့ အဆင်ပြေတတ်ပါတယ်။ ဒီအပတ်ထဲမှာ ထီကံ၊ ကံစမ်းမဲကံတွေလဲကောင်းနေတတ်ပါတယ်။ ဝါသနာပါသူများ ၁ဂဏန်းများများပါသော ထီလက်မှတ်ကိုကံစမ်းပါ။ လူမျိုးခြားတစိမ်းတရံတွေရဲ့ ထောက်ပံခြင်း မျိုး ကြုံရမည်။ ကိုယ်ပိုင်လုပ်ငန်းများ မိတ်ဆွေသစ် ၊ဖောက်သည်အသစ်တွေ တိုးပွားလာနိုင်ဖွယ်ရှိပါတယ်။
ရပ်ဝေး ရောက်နေသော မိတ်ဆွေများနဲ့ ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ လုပ်ငန်းသစ် ၊ဆိုင်အသစ်ဖွင့်မဲ့ သူများ ဒီကာလ ဟာ အရမ်းကောင်းတဲ့အချိန်ပါ။ စိတ်သွားတိုင်းကိုယ်ပါနေတတ်တဲ့ အချိန်ပါပဲ။ အချစ်ရေးကံ ကောင်းနေမှာ ပါ။ ပညာရေးကတော့ ဝီရိယ ရှေ့ထားကြိုးစားနိုင်မှ တော်ကာကျပါလိမ့်မယ်။အကျိုးပေးဂဏန်း ၁/၅/၄အထူးဟော ကံမြင့်နေသည်၊ယတြာ ကြာသပတေးထောင့်မှာ တစ်ယောက်ထိုင်ဖျာတစ်ချပ် လှူဒါန်းပေးပါ။
#တနင်္လာဒီအပတ်ထဲကောင်းသောကံထက်စိတ်ချမ်းသာရမှုကပိုပါတယ်။ ပျော်ရွှင်ရခြင်း၊စိတ်ချမ်းသာရခြင်များအထူး ကြုံရတတ်ပါတယ်။ကြန့်ကြာနေတဲ့ငွေကြေးများ လက်ခံရရှိတတ်ပါတယ်။ ခရီးတို၊ခရီးရှည်များကြုံလာရဖွယ်ရှိတဲ့ ကာလပါပဲ။အလှူခရီးများ မင်္ဂလာခရီးများသွားရတတ်ပါတယ်။ အလုပ်ပိုတွေများပေမဲ့ကူညီမဲ့သူတွေ၊စောင့်ရှောက်မဲ့ သူတွေများပါတယ်။ စေ့စပ်ခြင်း၊နားဖောက်ခြင်းများ ဆောင်ရွက်ထားနိုင်တဲ့ကာလပါပဲ။
ကျန်းမာရေးကတော့ အစား မှားတတ်ပါတယ်။ ကောက်ညှင်းတို့လို မျှစ်တို့လို အစာကြေဖို့ခက်ခဲတဲ့ အစားအသောက်တွေကိုအထူးရှောင်စေချင် ပါတယ်။ ဗိုက်အောက် ဗိုက်နာတာတွေ အလွန်ဖြစ်တတ်ပါတယ်။ ကုန်ပစ္စည်းလှောင်ခြင်းများဆောင်ရွက်လို့ကောင်း ပါတယ်။ လုပ်သမျှ အဆင်ပြေချောမွေ့နေ တတ်တဲ့အချိန်ပါ။ ဒါပေမဲ့ သီလရှိအောင်တော့ နေမှအဆင်ပြေမဲ့ကာလ ပါပဲ။
အနာဂတ်အတွက် ကြိုတင်စဉ်းစားထားသည်များ လက်တွေ့ အကောင်အထည်ဖော်နိုင်ပါ လိမ့်မယ်။ လူကြီး သူမတွေရဲ့အကူအညီအထောက်အပံ့တွေလဲ အများကြီးရနိုင်တဲ့အချိန်ပါ။အချစ်ရေးကံကောင်းပါတယ်။ ဇာတိမတူ လူမျိုးမတူသူနဲ့ ဒီကာလအတွင်းဆုံဆည်းရတတ်ပါတယ်။ ပညာရေနယ်ပယ်ကျယ်ပြန့်စွာ အောင်မြင်ပါလိမ့်မယ်။အကျိုးပေးဂဏန်း -၅/၁/၂အထူးဟော – စိတ်ကြိုက်ဖန်တီးခွင့်တွေရလာပါ လိမ့်မယ်။ယတြာ ပေါင်မုန့်ထောပတ်သုတ် ဘုရားကပ်ပါ
#အင်္ဂါအနည်းငယ်တော့စိတ်အလိုမကျတာလေးတွေကြုံရတတ်ပါတယ်။သူတစ်ပါးတွေထက်ပိုမိုပြီးလူ၊စိတ်ပင်ပန်း ရတတ်ပါတယ်။ငွေကံအားကောင်းနေတတ်ပါတယ်။စီးပွားရေးသမားများ ဟိုဟာလုပ်ရနိုး၊ဒီဟာလုပ်ရနိုး ဝေခွဲရခက် ခဲနေတတ်ပါတယ်အောက်လက်ငယ်သားကြောင့် ဖြစ်စေ၊ သားသမီးကြောင့်ဖြစ်စေ စိတ်ပူစိတ်ညစ်ရတတ်ပါ တယ်။ ကျန်းမာရေးအတွက် မိမိနေထိုင်မှုပုံစံပြောင်းလိုက်မှပဲ အဆင်ပြေပါလိမ့်မယ်။
အထိုင်များလို့ ခါးနာတာတွေ ၊ ကိုယ်လက်မအီမသာဖြစ်တာမျိုးတွေ၊ အလေးအပင်မလို့ ထိမိခိုက်မိတာတွေဒီအပတ်ထဲဖြစ်လွယ်နေတတ်ပါတယ်။ တတ်နိုင်သမျှ ဒီအပတ်ထဲ စွန့်စားလုပ်ကိုင်ခြင်းမျိုးကိုတော့ အားမပေးပါဘူး။ ဘုရင့်နောင်ဖောင်ဖျက်လုပ်ကိုင်တာ မျိုးတွေက နောက်ဆက်တွဲအဆိုးရလဒ်တွေပဲထွက်လာပါလိမ့်မယ်။ ကိုယ်ပိုင် အလုပ်ဆိုလဲ မိမိအလုပ်အတွက် လိုအပ်တာဝယ်ရခြမ်းရနဲ့ အချိန်ကုန်လူပန်းရပါလိမ့်မယ်။ မိမိနဲ့မသိသော တစိမ်းတရံတွေနဲ့ အဆင်မပြေဖြစ်ရ တတ်ပါတယ်။
ညဉ့်နက်သည်အထိ အပြင်ထွက်တာမျိုးမလုပ်ပါနဲ့။ မိမိအနေနဲ့ အနားယူချိန် အလုပ်လုပ်ချိန်တွေကို သေချာပိုင်းခြားထားပါ။အိပ်ရေးပျက်ပြီး ကျန်းမာရေးအားနည်း သွားတတ်တဲ့ကာလမို့ပါ။ အချစ်ရေးအနေနဲ့ အကောင်း ဘက်မှာရှိနေပါတယ်။ ချစ်သူအချင်းချင်း မအားလပ်ဘဲမတွေ့နိုင်တာမျိုး ကြုံနေရတတ်တယ်။ ပညာရေး ကိစ္စတွေမှာ ကျက်စာထက် တွက်စာတွေကြောင့် သောကရောက်ရမှာပါ။အကျိုးပေးဂဏန်း ၃/၄/၈အထူးဟော အလုပ်တွေမအားလပ်ဖြစ်နေတတ်သည် ယတြာ ဘုရားရှင်အား ရွှေသင်္ကန်းကပ်လှူပါ
#ဗုဒ္ဓဟူး/ရာဟုမိမိကိုယ်တိုင် နည်းမှန်လမ်းမှန်ဆောင်ရွက်တတ်မှုတွေကြောင့် အခက်အခဲတွေကြားကနေ အောင်မြင်မှုတွေ ရလာနိုင်ပါတယ်။ တစ်ဆင့်ထက်တဆင့် မြင့်တတ်သွားနိုင်တာကြောင့်မိမိကိုယ်တိုင်က ဥာဏ်ထည့်လုပ်ရင်ပိုမို အဆင်ပြေတတ်ပါတယ်။အလှအပကြောင့် ငွေကုန်ရတတ်တာလဲ တွေ့ရပါတယ်။ ကံကောင်းတာက လက်ဆောင် ပစ္စည်းတွေရလာတတ်ပါတယ်။ဒီအပတ်ထဲ အချိန်ဆွဲလို့ရရသေးရင် စက်ပစ္စည်းတွေမဝယ်ပါနဲ့။
ဒီအပတ်ထဲ ဝယ်လိုက်တဲ့ပစ္စည်းက အားနည်းချက်တစ်စုံတရာပါလာနိုင်တယ်လို့မြင်လို့ပါ။ ကျန်းမာရေးအတွက် စိတ်ပူလို့မလို ပေမဲ့ လျှပ်စစ်ကိုင်တွယ်တာတွေသတိရှိပါ။ အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်များ PPEပြည့်စုံစွာဝတ်ပြီးမှလုပ်ကိုင်သင့်တဲ့ ကာလပဲဖြစ်ပါတယ်။ ဒီကာလမှာ ရွှေငွေလက်ဝတ်ရတနာများ ထွက်ရတတ်ပါတယ်။ နယ်သွားချင်သူများ လက်ရှိ နေရာ မှာမပျော်ရွင်သူများ အတွက် ဒီအချိန်ဟာ မိမိတို့ ဆန္ဒပြည့်ဝမဲ့ အချိန် ပါပဲ။
ပြဿ နာ တိုင်းကို မိမိခေါင်း ပေါ် မတင် ထားပါနဲ့။ မိသားစုအရေးကိစ္စ တွေက မိမိတစ်ယောက်ထဲပူပန်နေလို့ ငြိမ်းအေးမည်မဟုတ်ပါ။ ဘာသာရေးနဲ့ သက်ဆိုင်သောပစ္စည်းများ လက်ဆောင်ရပါလိမ့်မယ်။ ဘာသာရေးကိစ္စများ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကံတွေ မြင့် လာ ဖွယ်ရှိပါတယ်။ အချစ်ရေးကိစ္စတွေမှာ အကောင်းအဆိုးတလှည့်ဆီဖြစ်နေမဲ့အချိန်ပါ။ ပညာရေးကံအထူး ညံ့ပါလိမ့်မယ်။ အကျိုးပေးဂဏန်း ၅/၉/၁အထူးဟော စက်ပစ္စည်းများပျက်လွယ်မည်။ယတြာ ရွက်လှ ၄ညွှန့်+ သစ္စာပန်း ၆ညွှန့် ဘုရားလှူပါ
#ကြာသပတေးကောင်းသောအကူအညီတွေအဘက်ဘက်ကရလာလိမ့်မယ်။ အထူးသဖြင့်လူကြီးမိဘတွေ၊အထက်လူကြီး တွေရဲ့ ချစ်ခင်မှုထောက်ပံ့မှုတွေရလာတတ်ပါတယ်။ ငွေကြေးကိစ္စတော်တော်များများအဆင်ပြေလိမ့်မယ်။ငွေအဝင် ကောင်းပြီး အထွက်နည်းတာတွေ့ရပါတယ်။ကျန်းမာရေးကတော့ ရလဒ်ကောင်းပါတယ်။ ကျန်းမာရေးဆိုးနေတာ ညံ့နေတာမျိုးတွေသိပ်မတွေ့ရဘူး။ကျန်းမာရေးအားကောင်းနေတဲ့ကာလပဲဖြစ်ပါတယ်။
အညံ့ရှာပြီးပြောရရင်တော့ ဆီးကျင်တာ၊ဆီးအောင့်တာမျိုးတွေဖြစ်တတ်ပါတယ်။အလုပ်စီးပွားနဲ့ဆိုင်သော အခြားနယ်ပယ်ကလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးခွင့်ရတတ်ပါတယ်။ အလုပ်အဝင်ပြတာမို့ အလုပ်ရှာနေသူများ အလုပ် ရတတ်ပါတယ်။ အလုပ်အကိုင် အထူး အဆင်ပြေခြင်း ၊ရာထူးတိုးခြင်း ၊နေရာကောင်းရခြင်းမျိုး ကြုံရပါလိမ့်မယ်။ အတွင်းအုပ်စု ရန်သဘောဆောင် နေခြင်းကြောင့် အတူနေသူများ မိသားစုဝင်များနဲ့ စကားများ စိတ်ဝမ်းကွဲတာမျိုးတော့ရှိပါတယ်။
အိမ်ထောင်သည် များ အိမ်ထောင်ရေး ရှုပ်ထွေးမှုများကြုံလာနိုင်၍ အနေအထိုင်တော့ ဆင်ခြင်ပါ။ ရွှေတော့ဝင်တတ်ပါတယ်။ အလှ ကုန်ပစ္စည်းများလဲလက်ဆောင်ရတတ်ပါတယ်။ လူငယ်များ မိမိအနေအထိုင်မတတ်သောကြောင့် ချစ်သူက အခြား သူ တစ်ဦးနဲ့ အထင်လွဲစွပ်စွဲခြင်းခံရတတ်ပါတယ်။ ပညာရေးကံ အကောင်းဘက်မှာရှိနေချိန်ပါ။အကျိုးပေးဂဏန်း ၁/၀/၇အထူးဟော တစိမ်းလိင်မတူသူတွေနဲ့ အနေအထိုင်ဆင်ခြင်ပါယတြာ . သပြေပန်း လက်တစ်ဆုပ်ခန့် သောကြာထောင့်မှာ လှူဒါန်းလိုက်ပါ
#သောကြာတွေးခေါ်မြော်မြင်မှုတွေအားနည်းနေတတ်ပါသည်။ အတွေးချော်နေတတ်တဲ့အတွက် ဆုံးဖြတ်ချက်ချမယ်ဆို လောဘ ဒေါသ မောဟနည်းတဲ့အချိန် ဆုံးဖြတ်ပါ။ အရမ်းရင်းနှီးတဲ့သူတွေနဲ့ စိတ်ဝမ်းကွဲစကားများရတတ်တယ်။ အထူးသဖြင့် မိမိကိုမနာလို၍ပြဿ နာရှာတာမျိုးလဲဖြစ်နိုင်ပါတယ်။ ခရီးသွားဖို့ စီစဉ်ထားခြင်းများ ရက်ရွေ့ရတတ်ပါ တယ်။ ဇိမ်ခံပစ္စည်းများ ဝယ်ယူခြင်းမျိုး မပြုသင့်သေးတဲ့အချိန်ပါ။ အလှူအတန်းကိစ္စများ မင်္ဂလာကိစ္စများကြုံတွေ့ရ တတ်ပါတယ်။
မိမိနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ မိတ်ဆွေဟောင်းနဲ့ပြန်ဆုံရတတ်ပါတယ်။ အလုပ်သစ် စီးပွား သစ်မကောင်းသေးပါ။ ယာဉ်ကားနဲ့ ပတ်သက်သောလုပ်ငန်းများ အရှုံးပေါ်ရတတ်ပါတယ်။ အပျော်အပါးအတွက် ငွေကုန်မခံပါနဲ့။မလုံခြုံတဲ့နေရာဒေသတွေသွားတာမျိုးဆင်ခြင်သင့်တဲ့ကာလပါပဲ။ သူခိုးခိုးခံရတာမျိုး၊ အလုခံရတာ မျိုးတွေ အချို့မူလဇာတာပါညံ့နေတဲ့သောကြာသားသမီးတွေမှာကြုံရနိုင်လို့ပါ။
အိမ်ပြင် အိမ်ဆောက်ခြင်းမလုပ် မိပါစေနဲ့။ အချစ်ရေးကိစ္စအနေနဲ့ ချစ်သူနဲ့ ဖုန်းပြောဖို့တောင် အချိန်လု နေရတတ်ပါတယ်။ စိတ်ပင်ပန်းရတတ်သလို ကာယအားလဲ စိုက်ထုတ်ရမဲ့ကာလပါပဲ။ ပညာရေးမှာ လမ်းလွှဲလိုက်မိတတ်ပါတယ်။ အကျိုးပေးဂဏန်း ၃/၁/၇အထူးဟော စိတ်သက်သာရာ ရှာနေပါ။ယတြာ ဘုရားမှာ ရွှေသင်္ကန်းကပ်လှူပါ
#စနေဒီကာလဟာ စနေသားသမီး အနေနဲ့ ငြိမ်နေရတာမျိုး မရှိဘဲ လှုပ်လှုပ်ရှားရှားနဲ့ပင်ပန်းရမဲ့ကာလပါပဲ။ အလုပ် ကိစ္စ တွေ တစ်မျိုးပြီးတစ်မျိုး တာဝန်ပေးခြင်းခံရပါလိမ့်မယ်။ အခြားအချင်းအရာထက် ကျန်းမာရေးကို အထူး ဂရုစိုက်စေ ချင်ပါတယ်။ အကောင်းကြီးကနေ ရုတ်တရက်ကျန်းမာရေးအားနည်းသွားတတ်ပါတယ်။ ငွေကြေးအပေး အယူ သတိ ရှိပါ။ ငွေယူခြင်း ကြွေးတောင်းခြင်းမလုပ်ပါနဲ့ ။ မိသားစုအရေးကိစ္စတွေအပြင် အလုပ်ကိစ္စတွေကြောင့် ပါ
မနားမနေ အလုပ်များနေရတတ်ပါတယ်။ လူငယ်များ စိတ်လေပြီး အိမ်မကပ်ချင်တာမျိုးဖြစ်နေရတတ်ပါတယ်။ သားသမီးတွေနဲ့ပတ်သက်ပြီးငွေကုန်ကြေးကျများရတတ်ပါတယ်။ ထူးခြားတာကမထင်မှတ်ဘဲ အလှူအတန်းတစ်ခု မှတ်မှတ်ရရလှူခွင့်ရလာတတ်ပါတယ်။ရန်သူဟောင်းတွေရှိနေသူများကိုယ်တိုင်ကသတိနဲ့နေဖို့တိုက်တွန်းအပ်ပါ တယ်။
အချစ်ရေး ကိစ္စ တွေမှာ အသဲကွဲရတာ ချစ်သူရဲ့ဥပေက္ခာပြုခြင်းခံရတာမျိုးတွေကြုံရလိမ့်မယ်။ စိတ်ကူးထား တာ ရည်မှန်းထား တာတွေ ဖြေးဖြေးမှန်မှန်အကျိုးပေးပါလိမ့်မယ်။ အိမ်ထောင်ရေးမှာသားသမီးအကြောင်းပြုပြီး လင်မယားချင်းစကားများရတတ်ပါတယ်။ပညာရေးမှာ စာမလိုက်နိုင်တာမျိုးတွေ ကြုံရ တတ်ပါ တယ်။ စာမေးပွဲ အတွက်စိုးရိမ်ကြောင့်ကြနေရတတ်ပါတယ်။အကျိုးပေးဂဏန်း ၃/၆/၉အထူးဟော စိတ်များ အလုပ်များနေရတတ်သည်။ယတြာ ဘုရားရင်ပြင်တွေ တန်ဆောင်းတွေမှာ တံမြက်စည်းလှဲပါ။၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695
