ရှေးတုန်းကတိုင်းပြည် တစ်ပြည်မှာမင်းလုပ် အုပ်ချုပ်နေတဲ့ ဘုရင်ကြီးတစ်ပါးဟာ တစ်နေ့မှာသူဆင်းရဲတစ်ယောက် အယောင်ဆောင်ရုပ်ဖျက်ပြီး တိုင်းပြည်အခြေအနေလေ့လာဖို့ မင်းနေပြည်က တိတ်တဆိတ်ထွက်ခဲ့ပါတယ်။သူပထမဆုံးရောက်ခဲ့တဲ့နေရာက အလွန်ဆင်းရဲတဲ့ အဖိုးအိုလင်မယားနေတဲ့ တဲအိမ်အစုတ်ကလေးဆီကိုပါ။ အဖိုးအိုလင်မယားဟာ ပင်ပမ်းဆင်းရဲစွာနဲ့ ယာခင်းထဲမှာ စိုက်ပျိုးလုပ်ကိုင် စားသောက်နေရတာ အယောင်ဆောင်ဘုရင်ကြီး တွေ့ရပါတယ်။
ဒီမှာတစ်ညအိပ် တည်းဖို့ခွင့်တောင်းတော့ အဖိုးအိုလင်မယားက ခွင့်ပြုပြီးလိုလေးမရှိအောင်လဲ ရှိတာလေးနဲ့ဧည့်ခံကျွေးမွေးကြပါတယ်။ လူဆင်းရဲပေမယ့်စေတနာမဆင်းရဲတဲ့ အဖိုးအိုလင်မယားကို အယောင်ဆောင်ဘုရင်ကြီး စိတ်ထဲကြိတ်ပြီး ကျေးဇူးတင်နေမိတာပေါ့။ညကျတော့အိပ်ယာမဝင်ခင် အတူထိုင်စကားစမြီပြောကြတဲ့အခါ ဘုရင်ကြီးက “အဖိုးတို့မှာစားမယ့်သောက်မယ့်လူလဲမရှိဘဲ ဘာလို့ဒီလောက် ပင်ပမ်းကြီးစွာ အလုပ်တွေလုပ်နေရတာလဲ။ ဒီအရွယ်ဆိုတာ သားထောက်သမီးခံ အလုပ်လွှဲထားပြီးဘုရားသွား ကျောင်းတက် လုပ်နေရမှာမဟုတ်လော” ဟုပြောပါတယ်။
ဒီအခါအဖိုးအိုကဒီလို ပြန်ပြီးပြောပါတယ်။ “အမောင်ပြောတာဟုတ်တော့လဲဟုတ်ပါရဲ့၊ ဒါပေမယ့်သားသမီးဆိုတာလဲ သူ့မီးနဲ့သူ့အပူ ဖြစ်နေကြတာကလား၊ ကျုပ်တို့မှာလဲကိုယ် စားဘို့တင်မက ခိုးမှူးကြီးလဲပေးရသေးတယ်၊ အာဂန္တုဧည့်သည်ကိုလဲကျွေးရတယ်၊ သမုဒ္ဒရာထဲလဲပစ်ချ နေရသေးတယ်၊ ရန်သူကိုလဲရှာ ဖွေကျွေးမွေးနေရပါတယ်”အဖိုးအိုစကားက ဘုရင်ကြီးအတွက်ထူးဆန်း နေပါတယ်။ အဓိပ္ပါယ်ကိုလဲ သဘောမပေါက်တာကြောင့် အဖိုးအိုကိုပြန်မေးမိတော့တယ်။ “အဖိုးစကားရဲ့အဓိပ္ပါယ်ကိုတဆိတ်လောက် ရှင်းပြပါလားခင်ဗျာ” ဒီအခါအဖိုးအိုကအဓိပ္ပါယ်ကိုရှင်းပြပါတယ်။
ဒီလိုပါအမောင် ခိုးမှူးကြီးကိုပေးရတယ်ဆိုတာကတိုင်းပြည်ကို ဓားပြသူခိုးရန်သူမျိုးတွေရဲ့ရန်က ကာကွယ်ပေးထားတဲ့ ဘုရင်မင်းမြတ်တို့အား အခွန်ဘဏ္ဍာ ဆက်သပေးနေရတယ်လို့ဖြစ်ပါတယ်။ ဘုရင်ကိုဘာလို့ခိုးမှူးကြီး ဆိုရပါသလဲအဖိုး။ကျွန်ုပ်တို့တွေနဖူးက ချွေးခြေမကျအောင်ရှာ ဖွေထားရတဲ့ဥစ္စာတွေကို သူခိုးဓားပြလက်မပါရအောင်ကာကွယ်ထိန်းသိမ်းပေးနိုင်စွမ်းရှိလို့ ခိုးသူတို့ရဲ့အကြီးအမှူးလို့ဆိုလိုတာပါ။ ဘုရင်ကြီးဟာ အဖိုးအိုရဲ့အဖြေကို သဘောကျသွားပါတယ်။
ါနဲ့နောက်ထပ်စကားတစ် ခွန်းကိုထပ်မေးပြန်ပါတယ်။ “အာဂန္တုဧည့်သည်ကိုကျွေးမွေး ရတယ်ဆိုတာကရော ဘယ်လိုအဓိပ္ပါယ်ပါလိမ့်ဗျာ” လောကမယ်မိဘကကျွေးမွေး စောင့်ရှောက်ခဲ့ရတဲ့ သားသမီးဆိုတာ တကယ်တော့့ဧည့်သည်တွေပါပဲအမောင်။ အချိန်တန်အရွယ်ရောက်တဲ့အခါ သူတို့လမ်းသူတို့လျှောက်ကြတာပဲ မဟုတ်လား။
ဒါကြောင့်သူတို့ကို အာဂန္တု့လို့ဆိုရတာပါမောင်။ ဒီစကားကိုလဲဘုရင်ကြီး သဘောကျပြန်ပါတယ်။ နောက်ထပ်စကားအဓိပ္ပါယ်ကိုလဲ ထပ်မေးလိုက်ပြန်တယ်။ သမုဒ္ဒရာထဲလဲချရတယ်ဆိုတာကရော ဘာအဓိပ္ပါယ်ပါလဲအဖိုး။ ဒါကဒီလိုပါ။ချောင်းမြစ်အသွယ်သွယ်တို့က လာတဲ့ရေမှန်သမျှဟာ ပင်လယ်သမုဒ္ဒရာ ထဲစီးဝင်ကြပေမယ့် ပြည့်ရိုးထုံးစံမရှိသလိုဘဲ တနေ့တနေ့ကျုပ်တို့စားသမျှ အားလုံးဝမ်းခေါင်းထဲမှာ ပြည့်တယ်လို့မရှိတာအမောင်အသိပဲ မဟုတ်လား။ ဒါကြောင့်သမုဒ္ဒရာထဲ ပစ်ထဲ့ရတယ်ဆိုတာ
ရှာဖွေရသမျှ ကျုပ်တို့အသက်ရှင်သန်ဖို့ ဒီဝမ်းခေါင်းထဲအစာစားပြီး ဖြည့်ထဲ့နေရတယ်လို့ဆိုလိုတာပါပဲ။ ဒါဆိုနောက်ဆုံးစကား ရန်သူကိုရှာဖွေကျွေး မွေးနေရတယ်ဆိုကရော။ ဒါကပိုအရေးကြီးပါတယ်အမောင်။ ကိုယ်ကချစ်ကြင်လို့ပေါင်းသင်း နေထိုင်နေတဲ့ဇနီးမယားဟာ ကိုယ့်ရဲ့ရန်သူပါဘဲ။ အလိုဒီစကားကတော့ အဆန်းပါလား ရှင်းပြပေးပါဦးအဖိုးရဲ့။
စိတ်တူကိုယ်တူဆိုပြီး ကိုယ်ကချစ်ခင်ပေါင်း သင်းနေပေမယ့် ကိုယ့်ရဲ့အသက်စည်းစိမ်ကို အများဆုံးဒုက္ခပေးနိုင်ချေရှိတာ ဒီဇနီးမယားပါပဲအမောင်။ ဒီစကားကတော့ အရေးကြုံလာတဲ့အခါမှ အမောင်သိပါလိမ့်မယ်။ အခုကတော့ ရန်သူကိုလဲရှာဖွေ ကျွေးမွေးနေတယ်ပဲ မှတ်သားလိုက်ပါအမောင်။နောက်ဆုံးစကားကိုဘဝင်မကျပေမယ့် မှတ်သားလောက်စရာ မို့လက်ခံလိုက်ပြီး သူဟာဘုရင်ဖြစ်ကြောင်း ပြောဆိုလိုက်တော့ အဖိုးအိုလင်မယားဟာ ပြူးပြူးပျာပျာ ဖြစ်သွားပါတော့တယ်။ မကြောက်ကြပါနဲ့အဖိုး၊ တစ်ခုတော့ပြောပါရစေ အခုအဖိုးပြောတဲ့ စကားကြီးလေးခွန်းကို တော့ဘယ်သူကိုမှ မပြောမိစေဖို့မှာခဲ့ပါရစေ။
တကယ်လို့ပေါက်ကြားခဲ့ရင် သေဒဏ်သင့်မှာကိုသဘောပေါက်စေချင်တယ်။ မပေါက်ကြားစေဖို့ ဂတိပေးပါတယ်မင်းကြီး။ ဤသို့ဖြင့်ဘုရင်ကြီးလဲ နန်းတွင်းပြန်သွားပြီး နောက်တစ်နေ့ညီလာခံတွင် အဖိုးအိုပြောဆိုခဲ့သော စကားကြီးလေးခွန်းကို မှူးမတ်တွေကို ပြောဆိုမေးခွန်းထုတ်ပြီး အဓိပ္ပါယ်ကို မေးမြန်းပါတော့တယ်။
မှူးမတ်တွေအားလုံး မဖြေဆိုနိုင်ကြပါဘူး။ ဒီတော့ဘုရင်ကြီးက ဖြေဆိုဖို့အချိန် ခုနစ်ရက်ပေးလိုက်ပါတယ်။ မှူးမတ်တွေအားလုံး အကြပ်ရိုက်နေချိန်မှာ လူလည်အမတ်တစ်ယောက်ကတော့ ဘုရင်ကြီးခရီးထွက်ပြီးပြန်လာမှ ဒီစကားလေးခွန်းကိုမေးတာဆိုတော့ အကြောင်းရရှိရမယ်လို့စဉ်းစားပြီး ဘုရင်ကြီးသွားခဲ့တဲ့လမ်းကြောင်းကို စုံစမ်းပြီးရှာဖွေရာက အဖိုးအိုလင်မယားရှိရာကို ရောက်သွားပါတော့တယ်။
အမတ်လူလည်ဟာ အဖိုးအိုကို တံစိုးလက်ဆောင်ပေး ပြီးစကားလေးခွန်းကို မေးပေမယ့်အဖိုးအိုဟာ လုံးဝမပြောပါဘူး။ နောက်ဆုံးအဖိုးအိုရဲ့ ဇနီးဖွားအိုကို အသပြာငွေ၁၀၀၀ပေးပြီးမေးတဲ့အခါ ဖွားအိုကငွေကို ယူပြီးစကားလေးခွန်း အဓိပ္ပါယ်ကိုဖွင့်ဟပြော ကြားလိုက်ပါတယ်။
ဒါနဲ့ရက်ချိန်းခုနစ်ရက်ပြည့်လို့ ညီလာခံပြန်ဝင်တဲ့အခါ ဘုရင်ကြီးကိုဘယ်သူမှ အဖြေမပေးနိုင်ကြပေမယ့် လူလည်အမတ်ကတော့ ခပ်ကြွားကြွားလေးဖြေနိုင်လိုက်ပါတယ်။ ဒါပေမယ့်ဘုရင်ကြီးက သူ့အစွမ်းအစနဲ့ ဖြေနိုင်တာမဟုတ်ဘူးသိနေတော့ မှန်မှန်မပြော သေဒဏ်ပေးမယ်။ ဘယ်လိုသိလာတာလဲဆို တာမှန်မှန်ပြောဆိုပြီး အကြပ်ကိုင်မေးတော့မှ အဖိုးအိုလင်မယားဆီက သိလာတာလို့အမှန် အတိုင်းပြောပါတော့တယ်။
ဘုရင်ကြီးဟာ အဖိုးအိုလင်မယားကို အမျက်မာန်ရှပြီး ရှေ့တော်ဆင့်ခေါ်လိုက်ပါတယ်။ ရှေ့တော်ရောက်တဲ့အခါ အဖိုးပေးခဲ့တဲ့ဂတိကိုဖျက်ပြီး ဘာလို့တားမြစ်ချက်ကိုလွန်ဆန်ရတာလဲ။ သေဒဏ်ပေးခံရမှာကို မကြောက်ဖူးလား။ မင်းကြီးကျွန်တော်မျိုးဟာ ဆင်းရဲနုံခြာပေမယ့် ဂတိတစ်လုံးကို အသက်ထက်ကာကွယ်ပါတယ်။ ကျွန်တော်မျိုး၏ ဇနီးပြောကြားခြင်းသာဖြစ်ပါတယ်။
အသပြာငွေ၁၀၀၀အတွက် ကျွန်တော်မျိုး၏ အသက်ကို ရောင်းစားသည့်ဇနီးသည်ဟာ အနီးဆုံးရန်သူဖြစ်ကြောင်း မင်းကြီးဒီလောက်ဆို သဘောပေါက်နားလည်ပြီယုံကြည်ပါတယ်။ ဒီတော့မှဘုရင်ကြီးဟာ စိတ်ထဲဘဝင်မကျခဲ့တဲ့ နောက်ဆုံးစကားရဲ့အဓိပ္ပါယ်ကို နားလည်လက်ခံသွားပြီး သူဆင်းရဲအဖိုးအိုလင်မယားကို ဆုလာဘ်များပေးသနားလိုက်ပါတော့တယ်။ (credit)
ရှေးတုန်းကတိုင်းပြည် တစ်ပြည်မှာမင်းလုပ် အုပ်ချုပ်နေတဲ့ ဘုရင်ကြီးတစ်ပါးဟာ တစ်နေ့မှာသူဆင်းရဲတစ်ယောက် အယောင်ဆောင်ရုပ်ဖျက်ပြီး တိုင်းပြည်အခြေအနေလေ့လာဖို့ မင်းနေပြည်က တိတ်တဆိတ်ထွက်ခဲ့ပါတယ်။
သူပထမဆုံးရောက်ခဲ့တဲ့နေရာက အလွန်ဆင်းရဲတဲ့ အဖိုးအိုလင်မယားနေတဲ့ တဲအိမ်အစုတ်ကလေးဆီကိုပါ။ အဖိုးအိုလင်မယားဟာ ပင်ပမ်းဆင်းရဲစွာနဲ့ ယာခင်းထဲမှာ စိုက်ပျိုးလုပ်ကိုင် စားသောက်နေရတာ အယောင်ဆောင်ဘုရင်ကြီး တွေ့ရပါတယ်။
ဒီမှာတစ်ညအိပ် တည်းဖို့ခွင့်တောင်းတော့ အဖိုးအိုလင်မယားက ခွင့်ပြုပြီးလိုလေးမရှိအောင်လဲ ရှိတာလေးနဲ့ဧည့်ခံကျွေးမွေးကြပါတယ်။ လူဆင်းရဲပေမယ့်စေတနာမဆင်းရဲတဲ့ အဖိုးအိုလင်မယားကို အယောင်ဆောင်ဘုရင်ကြီး စိတ်ထဲကြိတ်ပြီး ကျေးဇူးတင်နေမိတာပေါ့။
ညကျတော့အိပ်ယာမဝင်ခင် အတူထိုင်စကားစမြီပြောကြတဲ့အခါ ဘုရင်ကြီးက “အဖိုးတို့မှာစားမယ့်သောက်မယ့်လူလဲမရှိဘဲ ဘာလို့ဒီလောက် ပင်ပမ်းကြီးစွာ အလုပ်တွေလုပ်နေရတာလဲ။ ဒီအရွယ်ဆိုတာ သားထောက်သမီးခံ အလုပ်လွှဲထားပြီးဘုရားသွား ကျောင်းတက် လုပ်နေရမှာမဟုတ်လော” ဟုပြောပါတယ်။
ဒီအခါအဖိုးအိုကဒီလို ပြန်ပြီးပြောပါတယ်။ “အမောင်ပြောတာဟုတ်တော့လဲဟုတ်ပါရဲ့၊ ဒါပေမယ့်သားသမီးဆိုတာလဲ သူ့မီးနဲ့သူ့အပူ ဖြစ်နေကြတာကလား၊ ကျုပ်တို့မှာလဲကိုယ် စားဘို့တင်မက ခိုးမှူးကြီးလဲပေးရသေးတယ်၊ အာဂန္တုဧည့်သည်ကိုလဲကျွေးရတယ်၊ သမုဒ္ဒရာထဲလဲပစ်ချ နေရသေးတယ်၊ ရန်သူကိုလဲရှာ ဖွေကျွေးမွေးနေရပါတယ်”
အဖိုးအိုစကားက ဘုရင်ကြီးအတွက်ထူးဆန်း နေပါတယ်။ အဓိပ္ပါယ်ကိုလဲ သဘောမပေါက်တာကြောင့် အဖိုးအိုကိုပြန်မေးမိတော့တယ်။ “အဖိုးစကားရဲ့အဓိပ္ပါယ်ကိုတဆိတ်လောက် ရှင်းပြပါလားခင်ဗျာ” ဒီအခါအဖိုးအိုကအဓိပ္ပါယ်ကိုရှင်းပြပါတယ်။
ဒီလိုပါအမောင် ခိုးမှူးကြီးကိုပေးရတယ်ဆိုတာကတိုင်းပြည်ကို ဓားပြသူခိုးရန်သူမျိုးတွေရဲ့ရန်က ကာကွယ်ပေးထားတဲ့ ဘုရင်မင်းမြတ်တို့အား အခွန်ဘဏ္ဍာ ဆက်သပေးနေရတယ်လို့ဖြစ်ပါတယ်။ ဘုရင်ကိုဘာလို့ခိုးမှူးကြီး ဆိုရပါသလဲအဖိုး။
ကျွန်ုပ်တို့တွေနဖူးက ချွေးခြေမကျအောင်ရှာ ဖွေထားရတဲ့ဥစ္စာတွေကို သူခိုးဓားပြလက်မပါရအောင်ကာကွယ်ထိန်းသိမ်းပေးနိုင်စွမ်းရှိလို့ ခိုးသူတို့ရဲ့အကြီးအမှူးလို့ဆိုလိုတာပါ။ ဘုရင်ကြီးဟာ အဖိုးအိုရဲ့အဖြေကို သဘောကျသွားပါတယ်။
ဒါနဲ့နောက်ထပ်စကားတစ် ခွန်းကိုထပ်မေးပြန်ပါတယ်။ “အာဂန္တုဧည့်သည်ကိုကျွေးမွေး ရတယ်ဆိုတာကရော ဘယ်လိုအဓိပ္ပါယ်ပါလိမ့်ဗျာ” လောကမယ်မိဘကကျွေးမွေး စောင့်ရှောက်ခဲ့ရတဲ့ သားသမီးဆိုတာ တကယ်တော့ဧည့်သည်တွေပါပဲအမောင်။ အချိန်တန်အရွယ်ရောက်တဲ့အခါ သူတို့လမ်းသူတို့လျှောက်ကြတာပဲ မဟုတ်လား။
ဒါကြောင့်သူတို့ကို အာဂန္တု့လို့ဆိုရတာပါမောင်။ ဒီစကားကိုလဲဘုရင်ကြီး သဘောကျပြန်ပါတယ်။ နောက်ထပ်စကားအဓိပ္ပါယ်ကိုလဲ ထပ်မေးလိုက်ပြန်တယ်။ သမုဒ္ဒရာထဲလဲချရတယ်ဆိုတာကရော ဘာအဓိပ္ပါယ်ပါလဲအဖိုး။ ဒါကဒီလိုပါ။
ချောင်းမြစ်အသွယ်သွယ်တို့က လာတဲ့ရေမှန်သမျှဟာ ပင်လယ်သမုဒ္ဒရာ ထဲစီးဝင်ကြပေမယ့် ပြည့်ရိုးထုံးစံမရှိသလိုဘဲ တနေ့တနေ့ကျုပ်တို့စားသမျှ အားလုံးဝမ်းခေါင်းထဲမှာ ပြည့်တယ်လို့မရှိတာအမောင်အသိပဲ မဟုတ်လား။ ဒါကြောင့်သမုဒ္ဒရာထဲ ပစ်ထဲ့ရတယ်ဆိုတာ
ရှာဖွေရသမျှ ကျုပ်တို့အသက်ရှင်သန်ဖို့ ဒီဝမ်းခေါင်းထဲအစာစားပြီး ဖြည့်ထဲ့နေရတယ်လို့ဆိုလိုတာပါပဲ။ ဒါဆိုနောက်ဆုံးစကား ရန်သူကိုရှာဖွေကျွေး မွေးနေရတယ်ဆိုကရော။ ဒါကပိုအရေးကြီးပါတယ်အမောင်။ ကိုယ်ကချစ်ကြင်လို့ပေါင်းသင်း နေထိုင်နေတဲ့ဇနီးမယားဟာ ကိုယ့်ရဲ့ရန်သူပါဘဲ။ အလိုဒီစကားကတော့ အဆန်းပါလား ရှင်းပြပေးပါဦးအဖိုးရဲ့။
စိတ်တူကိုယ်တူဆိုပြီး ကိုယ်ကချစ်ခင်ပေါင်း သင်းနေပေမယ့် ကိုယ့်ရဲ့အသက်စည်းစိမ်ကို အများဆုံးဒုက္ခပေးနိုင်ချေရှိတာ ဒီဇနီးမယားပါပဲအမောင်။ ဒီစကားကတော့ အရေးကြုံလာတဲ့အခါမှ အမောင်သိပါလိမ့်မယ်။ အခုကတော့ ရန်သူကိုလဲရှာဖွေ ကျွေးမွေးနေတယ်ပဲ မှတ်သားလိုက်ပါအမောင်။
နောက်ဆုံးစကားကိုဘဝင်မကျပေမယ့် မှတ်သားလောက်စရာ မို့လက်ခံလိုက်ပြီး သူဟာဘုရင်ဖြစ်ကြောင်း ပြောဆိုလိုက်တော့ အဖိုးအိုလင်မယားဟာ ပြူးပြူးပျာပျာ ဖြစ်သွားပါတော့တယ်။ မကြောက်ကြပါနဲ့အဖိုး၊ တစ်ခုတော့ပြောပါရစေ အခုအဖိုးပြောတဲ့ စကားကြီးလေးခွန်းကို တော့ဘယ်သူကိုမှ မပြောမိစေဖို့မှာခဲ့ပါရစေ။
တကယ်လို့ပေါက်ကြားခဲ့ရင် သေဒဏ်သင့်မှာကိုသဘောပေါက်စေချင်တယ်။ မပေါက်ကြားစေဖို့ ဂတိပေးပါတယ်မင်းကြီး။ ဤသို့ဖြင့်ဘုရင်ကြီးလဲ နန်းတွင်းပြန်သွားပြီး နောက်တစ်နေ့ညီလာခံတွင် အဖိုးအိုပြောဆိုခဲ့သော စကားကြီးလေးခွန်းကို မှူးမတ်တွေကို ပြောဆိုမေးခွန်းထုတ်ပြီး အဓိပ္ပါယ်ကို မေးမြန်းပါတော့တယ်။
မှူးမတ်တွေအားလုံး မဖြေဆိုနိုင်ကြပါဘူး။ ဒီတော့ဘုရင်ကြီးက ဖြေဆိုဖို့အချိန် ခုနစ်ရက်ပေးလိုက်ပါတယ်။ မှူးမတ်တွေအားလုံး အကြပ်ရိုက်နေချိန်မှာ လူလည်အမတ်တစ်ယောက်ကတော့ ဘုရင်ကြီးခရီးထွက်ပြီးပြန်လာမှ ဒီစကားလေးခွန်းကိုမေးတာဆိုတော့ အကြောင်းရရှိရမယ်လို့စဉ်းစားပြီး ဘုရင်ကြီးသွားခဲ့တဲ့လမ်းကြောင်းကို စုံစမ်းပြီးရှာဖွေရာက အဖိုးအိုလင်မယားရှိရာကို ရောက်သွားပါတော့တယ်။
အမတ်လူလည်ဟာ အဖိုးအိုကို တံစိုးလက်ဆောင်ပေး ပြီးစကားလေးခွန်းကို မေးပေမယ့်အဖိုးအိုဟာ လုံးဝမပြောပါဘူး။ နောက်ဆုံးအဖိုးအိုရဲ့ ဇနီးဖွားအိုကို အသပြာငွေ၁၀၀၀ပေးပြီးမေးတဲ့အခါ ဖွားအိုကငွေကို ယူပြီးစကားလေးခွန်း အဓိပ္ပါယ်ကိုဖွင့်ဟပြော ကြားလိုက်ပါတယ်။
ဒါနဲ့ရက်ချိန်းခုနစ်ရက်ပြည့်လို့ ညီလာခံပြန်ဝင်တဲ့အခါ ဘုရင်ကြီးကိုဘယ်သူမှ အဖြေမပေးနိုင်ကြပေမယ့် လူလည်အမတ်ကတော့ ခပ်ကြွားကြွားလေးဖြေနိုင်လိုက်ပါတယ်။ ဒါပေမယ့်ဘုရင်ကြီးက သူ့အစွမ်းအစနဲ့ ဖြေနိုင်တာမဟုတ်ဘူးသိနေတော့ မှန်မှန်မပြော သေဒဏ်ပေးမယ်။ ဘယ်လိုသိလာတာလဲဆို တာမှန်မှန်ပြောဆိုပြီး အကြပ်ကိုင်မေးတော့မှ အဖိုးအိုလင်မယားဆီက သိလာတာလို့အမှန် အတိုင်းပြောပါတော့တယ်။
ဘုရင်ကြီးဟာ အဖိုးအိုလင်မယားကို အမျက်မာန်ရှပြီး ရှေ့တော်ဆင့်ခေါ်လိုက်ပါတယ်။ ရှေ့တော်ရောက်တဲ့အခါ အဖိုးပေးခဲ့တဲ့ဂတိကိုဖျက်ပြီး ဘာလို့တားမြစ်ချက်ကိုလွန်ဆန်ရတာလဲ။ သေဒဏ်ပေးခံရမှာကို မကြောက်ဖူးလား။ မင်းကြီးကျွန်တော်မျိုးဟာ ဆင်းရဲနုံခြာပေမယ့် ဂတိတစ်လုံးကို အသက်ထက်ကာကွယ်ပါတယ်။ ကျွန်တော်မျိုး၏ ဇနီးပြောကြားခြင်းသာဖြစ်ပါတယ်။
အသပြာငွေ၁၀၀၀အတွက် ကျွန်တော်မျိုး၏ အသက်ကို ရောင်းစားသည့်ဇနီးသည်ဟာ အနီးဆုံးရန်သူဖြစ်ကြောင်း မင်းကြီးဒီလောက်ဆို သဘောပေါက်နားလည်ပြီယုံကြည်ပါတယ်။ ဒီတော့မှဘုရင်ကြီးဟာ စိတ်ထဲဘဝင်မကျခဲ့တဲ့ နောက်ဆုံးစကားရဲ့အဓိပ္ပါယ်ကို နားလည်လက်ခံသွားပြီး သူဆင်းရဲအဖိုးအိုလင်မယားကို ဆုလာဘ်များပေးသနားလိုက်ပါတော့တယ်။