အလှအပရေးရာမှာ ရှားစောင်းဟာ နာမည်ကြီး ပါတယ်။ သူ့ကောင်းကျိုးတွေ အသုံးဝင်ပုံတွေ အသုံးပြုပုံတွေကတော့ အတော်များများ သိပြီးဖြစ်လို့ မပြောတော့ ပါဘူးသတိထားရမှာ ကတော့ ရှားစောင်းကို အသုံးမပြုခင်မှာ အဝါရောင် အဆိပ်ကို မဖြစ်မနေ ထုတ်ပေးဖို့ပါဘဲ ။
ရှားစောင်း အပင်ကနေ အရွက်ကလေးကိုဖြတ် ရေဆေးပြီး မျက်နှာကိုသုတ်ပြီး လိမ်းမယ်ဆိုရင်တော့ ရှားစောင်းမှာပါတဲ့ အဆိပ်တွေကို အရေပြား အတွင်း ထိုးသွင်းသလို ဖြစ်ပြီး အန္တရာယ်များပါတယ်။ရှားစောင်းသုံးပြီး အရေပြား ယားတာ ဝက်ခြံတွေ ထွက်လာဟာ အဲ့ဒီ အဆိပ်ကြောင့် ပါ။ ဒါကြောင့် အသုံးမပြုခင် အဆိ ပ်ထုတ်ပေးဖို့ လိုပါ တယ်။
ရှားစောင်းမှာ အစိတ်အပိုင်း နှစ်ခု ရှိပါ တယ် ။အတွင်းသား ဂျယ်လီနဲ့ အစေးအပိုင်းပါ ။အစေးပိုင်းက အဆိပ်ရှိတာပါ။ ရှားစောင်း ကိုဖြတ် မျက်နှာပြင်ကို အပ်ပေါက်ရာလေးတွေ ဖောက်ပြီး ခွက်တခုထဲမှာ ထည့်ထားမယ်ဆိုရင် အဝါရောင်အစေးတွေ အများကြီး ထွက် လာပါတယ်။
အရင်တုန်းကတော့ အဲ့ဒီ အစေးတွေကို ပရဆေးဆိုင် တွေမှာ သွားရောင်းလို့ ရပါ တယ်။ မြန်မာ့တိုင်းရင်းဆေး လောကမှာ သုံးတဲ့ ” မုတ်ခါး “ဆိုတဲ့ ဝမ်းနုတ်ဆေးဟာ အဲ့ဒီ ရှားစောင်းအစေးတွေကို ရှားစေးနဲ့ ရောစပ်ပြီး ဖော်ထားတာပါ။
ရှားစောင်းအဆိပ်ထုတ်နည်းရှားစောင်း အဆိပ်ထုတ်ပုံ ကတော့ လွယ်ပါ တယ် ။ ရှားစောင်း အရွက်တွေကို ဖြတ်ပြီးပြီးခြင်း ခွက်တခုထဲမှာ ၄၅- ဒီကရီလောက် စောင်းပြီး ထောင် ထားပေးပါ ။
အဝါရောင် အစေးပျစ်ပျစ်တွေ ထွက်လာပါ လိမ့်မယ် ။ အချိန် ကတော့ ၃- နာရီလောက် ဆိုရပါတယ်။အဲ့ဒီအစေးတွေကို ပြောင်စင်အောင် ဆေးကြောပြီး အသုံးပြုမှသာ ရှားစောင်းရဲ့ အာနိသင်တွေကို အပြည့်အဝ ရရှိမှာ ဖြစ်ပါသည်။(လှပတဲ့ အသားရည်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ)
