Most Recent

ဒီနေ့ဆီဆိုင်မှာ ဆီထည့်ဖို့စောင့်နေတုန်းရှေ့ကနေ ၅၀၀ ဖိုး ရလားလို့ မေးလိုက်တဲ့ အသံကြောင့်


 ဒီနေ့ဆီဆိုင်မှာ ဆီထည့်ဖို့စောင့်နေတုန်းရှေ့ကနေ ၅၀၀ ဖိုး ရလားလို့ မေးလိုက်တဲ့ အသံကြောင့် ရုတ်တရက်ရယ်ချင်သွားတယ်။ဒီဆီဈေးနဲ့ ၅၀၀ဖိုးဆိုတာ စဉ်းစားကြည့်ပါ။ဒါပေမယ့်လည်း ဘဝတွေရှိတယ်ဆိုတာ တကယ်ပဲ။


မော့ကြည့်လိုက်တော့ ဦးလေးကြီးတစ်ယောက်၊လက်ထဲမှာလည်း အနှုတ်လေးတွေ ဆုပ်လို့၊ပန့်ကိုင်တဲ့ ကောင်မလေးကလည်း အားနာသွားပုံရတယ်၊ခုတလော ၅၀၀ ဖိုးမရောင်းပေးသေးလို့ပါရှင့်တဲ့၊ ဦးလေးကြီးမှာ ၅၀၀ပဲ ပါပုံရတယ်၊ ဆိုင်ကမရောင်းပေးတော့ဆီမထည့်ရသေးပဲ မောင်းထွက်သွားရှာတယ်။


ဆိုင်ထိပ်ကျ ခဏရပ်ပြီး လက်ထဲက အနှုတ်လေးတွေကိုသေချာ ရေနေရှာတာမြင်လိုက်တော့ ရင်ထဲတော်တော်စိတ်မကောင်းဖြစ်သွားတာ၊အနှုတ်ကလေးတွေ၁၀၀၀ပြည့်မလားလို့ ခဏခဏ ရေနေရှာတယ်နဲ့တူတယ်၊ဆိုင်ထဲကိုလည်း ပြန်လှည့်လှည့်ကြည့်ပြီးတစ်ခုခုပြန်လာပြောရကောင်းနိုးနိုး ချိတုံချိတုံဖြစ်နေပုံရတယ်၊


ကိုယ်မြင်ရသလောက်တော့ ၅၀၀ မကျော်ဘူးထင်တာပဲ။ သူ အပြန်ပြန် ရေတွက်နေတာကိုအစဆုံးမြင်နေရတယ်၊ကိုယ်က ၅၀၀၀ ဖိုးထည့်တာဆိုတော့ နည်းနည်းကြာတယ်လေ)ကိုယ်ကလည်းအဲ့ဒီလို ဘဝတွေမြင်ရင် မငဲ့ကြည့်ပဲကိုမနေနိုင်တာ၊တတ်နိုင်သလောက်တော့ ကူကောင်းပါတယ်လေလို့သူ့အနားသွားမိတယ်။


”ဦးလေး “ကျနော့် ဂရုဏာလေသံကို သူခံစားမိပုံရတယ်၊အားကိုးတကြီး မော့ကြည့်ရှာတယ်၊ “ပေးပေး အဲ့ အနှုတ်တွေ ကျနော့်ကိုပေး.ဒီတိုင်း အနှုတ်တွေကိုင်ပြီး သွားမေးရင် ဦးလေးကို ဘယ်သူကမှ အရေးတယူရှိမှာမဟုတ်ဘူး”သူ အားနာနေပုံရတယ်၊ ချက်ချင်းမပေးဘူး၊


ကိုယ် သူ့မျက်ဝန်းတွေကို နားလည်ပါတယ်၊သူ ပေးရကောင်းနိုးနိုး တစ်ခုခုပြောချင်နိုးနိုး ဝေခွဲမရဖြစ်နေပုံရတယ်၊ကျနော်လည်း သူအနေရခက်မှာဆိုးတာနဲ့ဆတ်ခနဲ သူ့လက်ထဲက အနှုတ်လေးတွေဆွဲယူပြီး အိတ်ထဲကနေ ငါးရာတန် အသစ်ချပ်ချွတ်တစ်ရွက် ထုတ်ပေးလိုက်တယ်၊


“ရော့ ဦးလေး ကျနော် အနှုတ်လဲ ပေးလိုက်မယ်၊ဦးလေးလည်း ခဏခဏ ထုတ်မရေရတော့ဘူးပေါ့ကိုင်ရလည်း လွယ်တယ်လေ၊ခွင့်ပြုဦးနော် ဦးလေး ” နှုတ်ဆက်ပြီး ကျနော် မောင်းထွက်လာခဲ့လိုက်တယ်။လှည့်မကြည့်လည်း သူ အံ့ဩဝမ်းသာပြီးကျန်ခဲ့မယ် ဆိုတာသိပါတယ်။ကျနော်လည်းပီတိကိုစား အားရှိရတာပါပဲ၊


ပီတိဖြစ်ရပုံများ ဒီလောက်နဲ့ မပြီးဘူးဗျာ၊တကယ်ပါလမ်းမှာ အမောပြေ ဘီယာဆိုင်ခဏဝင်ထိုင်တော့သူ့ အနှုတ်လေးတွေထုတ်ရေမိတော့မှလားလား၉၅၀ တောင်ဗျာစေတနာ လက်ငင်း အကျိုးပေးတယ်ဆိုတာတကယ်ပါပဲ။နောက်ထပ်၂၅၀ပဲစိုက်ရပြီး တိုက်ဂါးတစ်ခွက်ဖိုး ပိုထွက်လာတယ်လေ။စိတ်ထားကောင်းရင် ကံကောင်းတယ်ဆိုတာ လက်တွေ့ပဲ