Most Recent

ခူးလို့မနိုင် စားလို့မကုန်အောင် သီးမယ့်ဆေးဖက်ဝင် ရုံးပတီသီးစိုက်ပျိုးနည်း


 စားမကုန်နိုင်အောင်သီးမယ့်ရုံးပတီစိုက်ပျိုးနည်းစနစ်ရုံးပတီပင်ကိုအပူပိုင်း၊အပူလျော့ပိုင်းဒေသတွေမှာစိုက်ပျိုးနိုင်ပါတယ်စိုက်ပျိုးကာလအားဖြင့်ကဆုန်၊နယုန်သီတင်းကျွတ်တန်ဆောင်မုန်းလတွေမှာ အသင့်တော်ဆုံးဖြစ်ပါတယ်


ရုံးပတီဟာရေမဝပ်တဲ့မြေမျိုးမှာပိုပြီးဖြစ်ထွန်းပါတယ်။ မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပါတယ်။မြေချဉ်ငန်ဓာတ်(၆-၆.၈)အတွင်းမှာပိုမိုဖြစ်ထွန်းပါတယ်တစ်သုတ်ပြီးတစ်သုတ်စိုက်ပျိုးသွားရင်စဉ်ဆက်မပြတ်စားသုံးနိုင်တဲ့


သီးနှံဖြစ်ပါတယ်စိုက်မယ်ဆိုရင်စိုက်ဘောင်တွေပေါ်မှာတိုက်ရိုက်စိုက်ပျိုးနိုင်သလို၃-၄ပေရှိတဲ့စိုက်ဘောင်တွေကိုအမြင့်၆လက်မရှိအောင် မြေဆွေးထည့်ပေးပြီး ဘောင်ပေါ်မှာကျင်းတွေကို ဘောင်နုတ်ခမ်းကနေ၆လက်မစီခွာပြီး


(၃)ပွင့်ဆိုင်ကျင်းတူးပြီးစိုက်ပျိုးနိုင်ပါတယ်မျိုးစေ့ကို မစိုက်ခင်(၁၂)နာရီလောက် ရေစိမ် ပေးပါ။ရေပေါ်မှာပေါ်နေတဲ့ အစေ့တွေကို ဖယ်ရှားပေးပါတစ်ကျင်းကိုမျိုးစေ့(၃)စေ့စီထည့်ပေးပြီးအပွင့်ထွက်လာရင်အသန်မာဆုံးအပင်တစ်ပင်ကို


ပဲချန်ပြီးကျန်တဲ့အပင်တွေကိုနုတ်ပစ်ဖို့လိုပါတယ်တစ်ဘောင်နဲ့တစ်ဘောင်ကြားမှာလူသွားလမ်းအကျယ်၉လက်မ(၁)ပေလောက်ချန်ထားပေးရမှာဖြစ်ပါတယ်စိုက်ဘောင် ပေါ်မှာ အလျားလိုက်စိုက်တန်း(၂)တန်းထားရှိပေးပြီး စိုက်တန်းတွေ


အတွင်းတစ်ပင်နဲ့တစ်ပင်(၁)ပေခြားစီရှိသင့်ပါတယ်ပျိုးပင်တွေကို ပြောင်းရွှေ့စိုက်ပျိုးမယ်ဆိုရင်တော့အမြစ်တွေမနာစေဖို့အထူးဂရုပြုသင့်ပါတယ်ပန်းပွင့်ချိန်နဲ့အသီးဖြစ်ချိန်မှာ ရေကိုများများလိုအပ်ပါတယ်စီးပွားဖြစ်စိုက်ပျိုးနိုင်ပြီး


အပင်(၁၅)ရက်သားမှာတစ်ကြိမ်၊(၂၅)ရက်သားမှာတစ်ကြိမ်ပေါင်းလိုက်ပေးရမှာဖြစ်ပါတယ်တတ်နိုင်ရင် နေ့တိုင်းပေါင်းလိုက်၊မြေဆွပြီးအစိုဓာတ်လုံလောက်မှုရဖို့ ရေလောင်းတာတွေလုပ်ပေးဖို့လိုပါတယ်မြေသြဇာအဖြစ်နွားချေးဆွေး


ထည့်ပေးရင် ပိုကောင်းပါတယ်ဒါ့အပြင်ရုံးပတီပင်တွေကိုလည်း နှစ်ရှည်သီးနှံပင်တွေနဲ့ကြားညှပ်သီးနှံအဖြစ်စိုက်ပျိုးနိုင်ပါတယ်သနပ်ခါးနဲ့ရုံးပတီ၊သရက်နဲ့ရုံးပတီ၊ဇီးနဲ့ရုံးပတီ၊လျှော်ဖြူပင်နဲ့ရုံးပတီစတဲ့နှစ်ရှည်ပင်သီးနှံတွေနဲ့ ရုံးပတီကို


ထည့်သွင်းစိုက်ပျိုးနိုင်ပါတယ်အသီးကိုခူးဆွတ်မယ်ဆိုရင်(၂-၄)လက်မအထိရှည်တဲ့အခါဒါမှမဟုတ်ပန်းပွင့်ပြီးတစ်ပတ်ကြာတဲ့အခါခူးဆွတ်ရမှာဖြစ်ပါတယ်အသီးတောင့်တွေဟာရင့်လွယ်တဲ့အတွက်ပူတဲ့အချိန်မှာဆိုရင်နေ့တိုင်းခူးဆွတ်


ပေးရမှာဖြစ်ပါတယ်။ပုံမှန်အားဖြင့်(၂)ရက်တစ်ကြိမ်ခူးဆွတ်ပေးရမှာဖြစ်ပါတယ်အသင့်စားသုံးဖို့အတွက်မရင့်ခင်ခူးဆွတ်သင့်ပြီးရင့်တဲ့အသီးတွေကို နေခြောက်လှန်းပြီးအစေ့တွေကိုထုတ်ယူရမှာဖြစ်ပါတယ်။ လေလုံတဲ့အိတ်တွေ၊


ပုလင်းတွေထဲမှာထည့်သွင်းသိုလှောင်ပြီးစိုက်ပျိုးတဲ့ရာသီ ရောက်ရင် ပြန်လည်စိုက်ပျိုးနိုင်ပါတယ်တစ်ဧကမှပိဿာချိန်(၁၀၀၀-၃၀၀၀)အထိထွက်နိုင်ပါတယ်စိုက်ပျိုးရေးနည်းပညာ(crd)