Most Recent

သနပ်ခါးကြိုက်တဲ့မိန်းခလေးတွေ သိထားသင့်တဲ့ ဗဟုသုတလေးပါ


 မေမေပြောပြတဲ့ ပျိုမေတို့အကြိုက် သနပ်ခါးကျောက်ပျဉ်သနပ်ခါး ကျောက်ပြင် အသစ်ဆို ရေလေးဆေးလိုက်ပြီး သနပ်ခါး တုံးသွေးထည့်လိုက်တာပဲ ၊ အဲသလိုလုပ်လို့မရပါဘူး


ကျောက်သားအစစ်ကို ထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေလိုမျိုးကို ပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ်


ပထမဦးဆုံးအသုံးမပြု့ခင်မှာ ဝယ်လာတဲ့ကျောက်ပျဉ်ကို ရေစင်စင်ဆေးပြီး ကျောက်ပျဉ်ကို ရေပုန်းထဲကိုထည့်ပြီး ရေနဲ့တစ်ညစိမ်ထားပါ


နောက်တစ်ရက်မှာ နနွန်းတက်နဲ့ဆီ+ဆားနဲ့ကိုသွေးပြီး တစ်နေကုန်နေလှမ်းထားရပါတယ် ။


ဆီခြောက်တော့မှ သနပ်ခါးကျောက်ပျဉ်ကို ရေထပ်ဆေးပြီးမှ မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ်


ထွက်လာတဲ့သနပ်ခါးကလေးတွေက ညက်နေပြီး တနေကုန်ပါးပြင်ပေါ် အရာထင်နေပါတယ်တဲ့။


ကဲ ကျောက်ပျဉ်အ သစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာ သိသွားပြီပေါ့။


မေမေပြောပြတယ် ၊ ကျောက်ပျဉ် ပေါ်သနပ်ခါးသွေးတာ လေ့ကျင့်ခန်းတစ်ခုလုပ်တာနဲ့ တူတူပဲတဲ့ ။


ဒါပေမဲ့ ကြမ်းပြင်ပေါ်ချသွေးရတာမဟုတ်ပဲ မိမိခါးအလည်လောက်အမြင့်ရှိတဲ့နေရာမှာ ထားပြီး သွေးရမယ်တဲ့


သနပ်ခါး ကို အားစိုက်သွေးနေရတော့ လေ့ကျင့်ခန်းလုပ်နေတယ်လို့ မထင်ရပေမယ့်


နှစ်နဲ့ချီပြီးနေ့စဉ်သွေးနေရတော့ လက်မောင်းကြွက်သွားတွေက ပိုပြီးသန်မာတယ် ပျော့ပြီး ရွဲကျခြင်းမျိုးမဖြစ်ဘူးတဲ့


ဘယ်ညာတော့ လှည့်သွေးပေါ့တဲ့။ ငရုပ်သီးထောင်းတာလည်း အတူတူပဲတဲ့။ ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့။ မေမေ အမေ(အဖွား)ပြောပြတာလို့ပြောတယ်